Sunday 25 July 2010

ကြယ်တွေရဲ့ အကြောင်း

+++ ကြယ်တွေရဲ့ အကြောင်း +++

ကောင်းကင်ပေါ်ကို ငွေစက္ကူသုံးရွက် ပစ်တင်လိုက်တယ်
ဟိုးဘက်က ကြယ်လေးတွေက ဘယ်ဈေးပါလဲ။

တစ်လုံး နှစ်လုံး တိမ်တွေကြားလည်း ပုန်းလို့နေတယ်
အိပ်မရ ညတွေများထဲ ပြုံးလို့နေတယ်။

အရှုံးများနဲ့ သုံးမရတဲ့
ငွေစက္ကူသုံးရွက် ပြန်ကျလာတယ်
ဒီမှာ ကြယ်တွေကိုတောင် ရေလို့ မဆုံးသေးဘူး။

ချမ်းညီချို
10.1.2010

No comments:

Post a Comment