Sunday, 25 July 2010

လူပဲလေ

+++ လူပဲလေ +++

မဖြစ်နိုင်ဘူးလို့ ပြောတဲ့ ငါ့ရဲ့ ရင်ဘတ် တစ်နေရာမှာကိုက
လိုချင်တဲ့ စိတ်ကလေးက တွဲလွဲခိုနေခဲ့တာပါ။
ဘာရယ်ညာရယ် မဟုတ်ပဲ ဖတ်လိုက်ရတဲ့ ဗေဒင်စာအုပ်လေးထဲမှာ
ထူးခြားဆန်းပြားတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံရမယ်တဲ့။
ငယ်ကအချစ် အနှစ်တစ်ရာ မမေ့သာ လား။
ဘင်ဂျမင် ဖရင်ကလင် ရဲ့ ဝီစီလေးလား။
သီတာဒေဝီ အတွက် တားခဲ့ပေးတဲ့ စည်းလား။
ဘာပဲဖြစ်ဖြစ်
ဒုတိယအချစ်အနေနဲ့ မစွမ်းဆောင်နိုင်တဲ့ အရာတစ်ခုကတော့
ပထမအချစ်ကို မေ့ပစ်ခြင်းပေါ့။
လူပဲလေ
ဝေဝေဝါးဝါးဖြစ်စေတယ်၊ဆိတ်ဆိတ်နေတယ်၊မေးခွန်းတစ်ခုထုတ်တယ်၊အကြောင်းအရာ ပြောင်းလဲပြစ်တယ်၊ထွက်သွားတယ်၊မုသားဖြုတွေ ပြောဆိုတယ်၊မေးခွန်းကို အဖြေပေးဖို့ ငြင်းဆိုတယ်၊ "ဟုတ်ကဲ့ ဒါပေမယ့်" ပြောတယ်၊ အဖြေပေးဖို့ အချိန်ဆွဲတယ်၊ တောင်းပန်တယ်။
လုံးဝ ပယ်သတ် ပြီးစီးချိန် ရောက်ဖို့ကတော့
အဝေးကြီးကို လိုနေသေးတော့တာပေါ့။
လူပဲလေ။

ချမ်းညီချို
14.01.2010
မုသားဖြု = White Lies

No comments:

Post a Comment