Sunday 25 July 2010

ငါ့ဆီလာ၍ ပြန်ထွက်သွားသော အချစ်ဝထ္ထု နှင့် အခြားဝထ္ထုတိုများ (၂)

ချစ်သူရေ
မင်းရဲ့ အသံကို ကြားရုံနဲ့
အယောင်ယောင် မှားယွင်းမဲ့ ကောင်ပါကွယ့်။

ချစ်သူရေ
မင်းရဲ့ အကြည့်တစ်ချက်တည်းနဲ့
အလင်းစိတ်ကို ပိတ်မဲ့ ကောင်ပါကွယ့်။

ချစ်သူရေ
'လက်ထပ်ပါရစေလို့'
မိတ်ဆက်သမှု ရင်းနှီးမှု မရခင်
ဒူးထောက်တောင်းဆိုမဲ့ ကောင်ပါကွယ့်။
မင်းရဲ့ နာမည်
မင်းရဲ့ မျက်ဝန်း
အို အားလုံး အားလုံး
ငါ့ အိပ်မက်ထဲမှာ အကျွမ်းဝင်ခဲ့ပေါ့။

ဒီလိုနဲ့ပဲ
မင်းရဲ့ နာမည်ကို ကြားရဖို့
မင်းရဲ့ မျက်ဝန်းတွေနဲ့ ဆုံစည်းနိုင်ဖို့
မင်းကို လက်ထပ်ခွင့် တောင်းဖို့ဆိုပြီး
၂၄နှစ်လုံးလုံး ဟောဒီကောင်ဟာ
စောင့်နေခဲ့ပေါ့။

ချမ်းညီချို
06-03-2002

No comments:

Post a Comment