Sunday 25 July 2010

လေကို ရှုရှိုက်ခြင်း ပုံစံသစ် (၁၀)

နှစ်ကူးတဲ့ ငါ့ကို
အမြဲပဲ မြူးစေတယ်။

အဟောင်းတွေကို တောင်းနဲ့
မြောင်းထဲ ထဲ့လိုက်တယ်။.

အကြောင်းမဲ့ မတောင်းခဲ့တဲ့
အပြောင်းအလဲ တွေနဲ့
နှစ်သစ်ကိုကြို လေချိုချို
သူတစ်ကိုယ် လျှိုလို့သွားတယ်။

သူတစ်ကိုယ် ပြောင်း မိသားစု ကောင်း
မိသားစု ပြောင်း ဆွေမျိုးတွေ ကောင်း
ဆွေမျိုးတွေ ပြောင်း တစ်ရပ် ကောင်း
တစ်ရပ်ပြောင်း တစ်မြို့ ကောင်း
တစ်မြို့ ပြောင်း တစ်ပြည် ကောင်း
တစ်ပြည် ပြောင်း တစ်လောကလုံး ကောင်း
လို့ ...ထင်လို့
သူတစ်ကိုယ်...
နှစ်သစ် လေချိုချိုကို ကြိုတယ်။။


အားလုံး ပျော်ရွှင် ချမ်းမြေ့ကြပါစေ။
ချမ်းညီချို
(၄)ရက် ဇန်နဝါရီလ ၂၀၁၀

No comments:

Post a Comment