Monday 26 July 2010

မနေ့ကလက်တံများ နဲ့ ဒီနေ့နာရီ

+++ မနေ့ကလက်တံများ နဲ့ ဒီနေ့နာရီ +++

အရင်လိုပါပဲ
အရိုးသားဆုံး တက်မက်မှုတွေ
အကုန်လုံး လန်းဆန်းနေတုန်းမှာပေါ့။

ကမ်းပါးတွေကလည်း
မြစ် ရေစီးကြောင်းအတိုင်း
ကောက်ကွေ့သွားရသလို ...။

ကျွန်တော့်မှာလည်း
ခေတ် ရေစီးကြောင်းအတိုင်း
ကွေ့ကောက်မျောပြီး ကမ်းမတင်ဖြစ်လိုက်ရ။

ဒီလိုနဲ့ပဲ ...

အခန်းထဲမှာ
ငြိမ်သက်တဲ့ စကားလုံးတွေက
ဖျော်ဖြေမှု တစ်ခုလို လွမ်းနာကျလို့။

အခန်းဟာ
ရွဲ့စောင်းဖုန်တက်နေတဲ့ ပြင်္ကဒိန်အောက်မှာ
ကျွန်တော့် မိသားစုကို ချိတ်ဆွဲလို့။

အခန်းဟာ
ဘဝကို အင်္ကျီတစ်ထည်လို ချွတ်ချပြီး
မျက်လုံးအိမ်ထဲက အိမ်ကို စိုက်ကြည့်လို့။

အခန်းဟာ
အိပ်မက်တွေကို အချိုသပ်ဖို့
အချိုပွဲတည်လို့။

အခန်းမှာ
ကျွန်တော်ဟာ
ရိုးသားစွာ ဖုန်တက်ပြီး
အိပ်မက်တွေကို အချိုပွဲတည်နေတဲ့
အင်္ကျီမပါ မျက်ကန်း ပြင်္ကဒိန်တစ်ချပ်ဖြစ်လို့
ကွေ့ကွေ့ကောက်ကောက်ကြီး မျော/မြောနေလေရဲ့။

ချမ်းညီချို
06-06-2010

No comments:

Post a Comment